၁. ပါစပ်ပိတ်ထားပါ….
ဟုတ်တယ်နော် တစ်ဦးတစ်ယောက်နဲ့ ပြောဆိုညှိနှိုင်းတဲ့အခါ တစ်ဖက်သားရဲ့ ပြောဆိုတာတွေကို စိတ်ဝင်စားကာ အဆုံးသတ်ကို ပါစပ်ပိတ်ပြီး အလေးထား နားထောင်ခြင်းက တစ်ဖက်သားကို လေးစားမှုပေးသလိုလည်းဖြစ်တယ် ဒါပေမယ့်လေ အဲ့အကျင့်လေးက တကယ် ပြုလုပ်တဲ့အချိန်မှာတော့ မလွယ်လှဘူး သိလား…အမြဲ သတိထားပြီး ထိန်းနေရတယ် အကျင့်မရခင်ထိပေါ့…အကျင့်ဖြစ်သွားရင်တော့ အဲ့အကျင့်လေးရဲ့ အကျိုးကျေးဇူးလေးတွေ ဘယ်လောက်ထိရှိတယ်ဆိုတာ ယုယ မပြောပြတော့ဘူးနော်….သူငယ်ချင်းတို့ လက်တွေ့စမ်းသတ်ကြည့်ပေါ့
၂. သည်းခံစောင့်ပါ….
စောင့်တယ်ဆိုတဲ့ အလုပ်ကို သူငယ်ချင်းတို့တော့ မသိဘူး ယုယ အတွက်တော့ တော်တော် မလွယ်တဲ့အလုပ်….အဲ့ မစောင့်တဲ့ အကျင့်လေးတွေကြောင့် အခက်အခဲတော်တော်များ ကြုံခဲ့ရဖူးတယ်…အဲ့သည်းခံစောင့်ဆိုင်းစိတ်လေးကို ကျင့်သုံးကြည့်တော့ တကယ် အကျိုးရှိခဲ့တာတွေ အများကြီး…. လွယ်လွယ်ပြောရရင်….ယုယ တို့ သူငယ်ချင်းတွေ အလောင်းတော်ကသဖ ကို ဘုရားဖူးသွားတုန်းက ယုယ တို့ရောက်တဲ့အချိန် ဆင်တွေမရှိတော့ဘူး…ဘုရားပေါ်ကို ခြေချင်တတ်ခဲ့ရတာပေါ့..ပြန်ဆင်းတဲ့အချိန်ကျတော့ ဘုရားဖူးတွေများနေတော့ ဆင်တွေက ပြည့်နေတယ်လေ….ယုယ သူငယ်ချင်းတွေက စိတ်မရှည်တော့ မစောင့်နိုင်ကြဘူးပေါ့…အဲ့တုန်းက ယုယ က အဲ့အကျင့်လေးကို သိတာတော့မဟုတ်ဘူး ….ဆင် စီးချင်တာလေ ဒီတော့ တစ်ယောက်တည်း စောင့်တာပေါ့ စိတ်ရှည်စွာနဲ့…..အဲ့ ယုယ စိတ်ရှည်ရကျိုးနပ်ခဲ့တယ်…ယုယ ဆင်စီးခဲ့ရတယ်….သူတို့တွေ မောမောနဲ့ အောက်ဆင်းတဲ့အချိန် ဆင်ပေါ်ကနေ လက်ပြပြီး ပြောင်ပြခဲ့တာ ခုထိ မှတ်မှတ်ရရပါဘဲ ဘာလို့လဲဆိုတော့ယုယ တို့ သူငယ်ချင်းတွေ အားလုံး ထဲ ယုယတစ်ယောက်တည်း ဆင်စီးခဲ့ရတာကိုး …စောင့်ဆိုင်းချင်းရဲ့ အကျိုးလေးပေါ့…..ဆိုင်လာတော့ မသိပါဘူုး….
၃. တစ်ဖက်သားရဲ့ အမြင်ကို လေးစားပါတဲ့…..
ဟုတ်တယ် နော် တစ်ချို့တွေက ငါ မှန်တယ် ငါတော်တယ် ဆိုပြီး တစ်ဖက်လူရဲ့ အမြင်ကို မလေးစားတတ်ကြဘူး …ကိုယ့်လက်အောက်ငယ်သားဆိုပေမယ့် တစ်ချို့ အထင်လေးတွေက လက်ခံသင့်ရင် လက်ခံရတယ် …
၎.မမျှော်လင့်တဲ့နေရာမှာ လူကဲခတ်ပါ…
ဥပမာ လူ၂ယောက် ဆွေးနွေးဖို့ ကိုယ့်ဆီလာတယ် ဆိုပါစို့…..တစ်ခါမှ မမြင်ဖူးဘူး…အဆင့်အတန်းကိုကြည့်ပြီး အဓိက ကျတဲ့သူဟာ ဘယ်သူလဲ မသိနိုင်ဘူး ပေါ့…ဒါပေမယ့် သူတို့ ၀င်ထိုင်တဲ့ ထိုင်ခုံအနေထားပေါ် …အရင်ထိုင် ခြင်း နောက်မှ ထိုင်ခြင်း စသဖြင့်ပေါ့ ဘယ်သူက အဓိကလဲဆိုတာ ခန့်မှန်းနိုင်တယ်ပေါ့…..
၅. လူကိုယ်တိုင် ဆက်သွယ်ပါ
ကိုယ် ရဲ့ CUSTOMER အပေါ် ကိုယ့်လက်အောက်ဝန်ထမ်း နဲ့ ဆက်ဆံတာထက် အရေးကြီးတဲ့ အကြောင်းအရာတွေ၊ တစ်ချို့ လူမှုရေးတွေမှာ လူကိုယ်တိုင် ဆက်သွယ်ခြင်း သွားရောက်ခြင်း ဥပမာ လူမမာ သတင်းမေးခြင်း မင်္ဂလာ အခမ်းအနားကို သွားခြင်း စသဖြင့်ပေါ့ မိမိကိုယ်တိုင် နာရီဝက်သွားခြင်းက တခြားသူကို ၂နာရီလောက် သွားခြင်းထက် ပိုပြီး အကျိုးရှိစေမယ်ဆိုတာ သတိထားသင့်ပါတယ်………….
No comments:
Post a Comment