Pages

Wednesday, September 21, 2011

ဒီကဗျာလေးကို ဖတ်ပြီး အားတင်းထားနိုင်ကြပါစေ....

All online friends

Have a great day

ဒီကဗျာလေးက တို့တွေအားလုံးငယ်ငယ်က သင်ခဲ့တဲ့ကဗျာလေးပါပဲ ဒါပေမယ့် ငယ်ငယ်ကတော့ အဖိုးတန်မှန်းမသိခဲ့ဘူး။

ဒီကဗျာလေးကိုဖတ်ပြီး လိုရာပန်းတိုင်ကို မလျှော့သောဇွဲ နဲ့ အရောက်သွားနိုင်ပါစေ။



" ထိပ်ဆုံးသို့"

တစ်တောင်ပေါ်တစ်တောင်ဆင့်

တောင်အမြင့်ပတ်ခြံရံ တစ်တောင်ဆုံးပြန်တော့

တစ်လုံးကျန်ပြန်ပေသမို့

ဖန်ဖန်လေ အားအင်နှိုးလို့ရယ် ကြိုးလျှောက်ရပြန်

ခါတလေ တစ်ကယ်ပန်းတာကြောင့်

တော်ပါပြီ ဆက်မလှန်းချင်ဘု

ရပ်တန်းကရပ်မယ်ကြံ အမှန်တော့ ဖြစ်နိုင်မလား စခဲ့မိတာပေါ့

တစ်နေ့မှာဆုံးရာရောက်ပါလိမ့်

အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့

စိတ်နွမ်းအသာဖြေဦး မာလာငွေ ကန်ရေအေးရယ် နှင့်

ငှက်တေးကို အာရုံဆင်လို့

မူတစ်သွင် အားအင်သစ်လိုက်ပါ့

ချစ်ဖွယ့် လူသား။



တစ်ကယ်လို့ သူငယ်ချင်းတွေအားလုံး လည်း ဒီတောင်တက်သမားကဗျာလေးကိုဖတ်ပြီး ပန်းတိုင်ကိုသွားဖို့ ပင်ပန်းလာတဲ့အခါ ပျှော်ရွင်စရာတွေကိုတွေးပြီးဘ၀ကြီးကိုလျှောက်လှမ်းနိုင်ကြပါစေ။

No comments:

Post a Comment