Pages

Wednesday, September 28, 2011

အချစ်ရေး အဆင်မပြေသောအခါ အမျိုးသား များသည် အမျိုးသမီး များထက် ပိုမိုထိခိုက် ခံစားရသည်

အချစ်ရေး၌ စိတ်မချမ်းသာဘဲ ရှုံးနိမ့်ရသော အခါ အမျိုးသား များသည် အမျိုးသမီး များထက် ပိုမို နာကျင် ခံစားရလေ့ရှိသည်ဟု လေ့လာမှု တစ်ရပ်အရ သိရကြောင်း ဇွန်လထုတ် ကျန်းမာရေးနှင့် လူမှုရေး ဂျာနယ်တွင် ဖော်ပြထားသည်။

ကယ်လီဖိုးနီးယား မြောက်ပိုင်း Wake Forest တက္ကသိုလ်မှ ပါမောက္ခ Robin Simon က အဆိုပါ သုတေသနလုပ်ငန်းကို ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး အသက် ၁၈ နှစ်မှ ၂၃ နှစ်အတွင်းရှိ လက်မထပ်ရသေးသော အမျိုးသား နှင့် အမျိုးသမီး ၁၀၀၀ ကျော်ကို လေ့လာခဲ့ကြောင်း FOX သတင်းဌာနက ဖော်ပြခဲ့သည်။

လေ့လာမှုမှ ရရှိလာသော အချက်အလက်များကို နှိုင်းယှဉ်ချက်အရ အချစ်ရေးတွင် လမ်းခွဲ အဆုံးသတ်သောအခါ အမျိုးသားများသည် အမျိုးသမီးများထက် ပိုမို စိတ်ထိခိုက် ခံစားရကြောင်း သိရသည်။

ထိုအချက်က အမျိုးသားများသည် အမျိုးသမီးများထက် ပျော်ရွင်ဖွယ် ကောင်းသော အချစ်ရေးတွင် ပိုမို စိတ်တက်ကြွ ပျော်ရွင်ကြပြီး စိတ်မချမ်းသာစရာ အခြေအနေမျိုးတွင်လည်း ပိုမိုကြီးမားသော စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ကြုံတွေ့ရသည်ကို ဖော်ပြလျက်ရှိသည်။ လူငယ်များအနေဖြင့် အဆင်မပြေသော အချစ်ရေးတွင် မိမိကိုယ်ကို ယုံကြည်မှု ပျောက်ဆုံးသည်အထိ ခံစားရလေ့ရှိကြောင်း ပါမောက္ခ Robin Simon က ပြောပါသည်။

ဤသုတေသနမှ ထွက်ပေါ်လာသော အံ့အားသင့်ဖွယ် အဖြေမှာ လူငယ် အမျိုးသား တစ်ဦးအတွက် ဘဝတွင် အကြီးမားဆုံး ပတ်သက်ရင်းနှီးသူမှာ သူ၏ ချစ်သူဖြစ်ပြီး အမျိုးသမီးများ အတွက်မှု သူတို့၏ အရင်းနှီးဆုံးသူမှာ ချစ်သူထက်စာလျင် သူငယ်ချင်း သို့မဟုတ် မိဘ ဖြစ်သည်ဟု သိရသည်။

No comments:

Post a Comment