အချစ်တွေရစ်မူးပြီး
ပျော်ရွှင်ခဲ့တဲ့ ဒို့နှစ်ယောက်
ဘေးစကားဆိုတဲ့သံစဉ်ရိုင်းတွေက
မင်းအတွက်နားဝင်ချိုနေတော့
တမိုးအောက်တယောထဲ
မေကလွဲရင် မချစ်ခဲ့ဘူးလို့ကျိန်ပြောလည်း
မင်းနားထဲမှာ သံစဉ်ရိုင်းတွေပဲရှိနေလေရဲ့.........
အချစ်ဦးမဟုတ်ခဲ့ပေမယ့်
အရူးမူးပဲ ချစ်ခဲ့မိတယ်
မင်းပြောသမျှကို ငြင်းဆန်ဖို့ဆိုမထားနဲ့
မင်းရှေ့ရောက်တိုင်း
ကိုယ့်ဆန္ဒတွေကို အမြဲမြိုသိပ်ထားခဲ့သူပါ
ဟုတ်ရင်ကျော် ပုတ်ရင်ပေါ်မှာပဲ
ငါမင်းနောက်ကွယ်မှာ
ဇာတ်လမ်းတွေရှိနေတယ်ဆိုရင်
တနေ့မင်းစီကို သတင်းတချို့ကြားရမှာပါ
ဘေးစကားတော့ မယုံစေချင်ဘူး.....
ချစ်သူတွေဆိုတာက
နားလည်မှုတွေဖလှယ်နေကြတာလေ
မင်းတယောက်ကတော့ သံသယတွေနဲ့ပေါ့
ကို့အချစ်ကပူလောင်တယ်ဆိုရင်
ချစ်သူမင်းအပင်ပန်းမခံပါနဲ့ ပျော်သလိုနေပါ
ပြီးတော့...ငါ့ကိုလည်း
သူစိမ်းတယောက်ဖြစ်ခွင့် ပေးပါ
မင်းနဲ့အဝေးဆုံးကို ထွက်သွားပါ့မယ်.......။..။
No comments:
Post a Comment