Pages

Monday, September 5, 2011

လှပသောအမျိုးသမီးများနှင့် တွေ့ ဆုံရခြင်းသည်ကျန်းမာရေးအတွက် ဆိုးရွားစေနိုင်..

နှလုံးခုန်မြန်လာခြင်းနှင့် ခြေဖဝါး လက်ဖဝါးများ၌ ချွေးပြန်လာခြင်းသည် ဆွဲဆောင်မှုရှိလွန်းသော အမျိုးသမီးများနှင့်

တွေ့ ဆုံရသည့်အခါ ဖြစ်တတ်ကြောင်း အမျိုးသားများစွာတို့ သတိပြုမိပြီးဖြစ်သည်။

ယခုအခါ သူတေသန အသစ်တစ်ရပ်အရ အမျိုးသားများသည် လှပသောသူစိမ်းတစ်ရံစာ အမျိုးသမီးတစ်ဦးနှင့် ငါးမိနစ်

မျှသာတွေ့ ဆုံရုံနှင့်စိတ်ဖိစီးမှုများ လွန်စွာ မြင့်တက်လြာ့ပီး ယင်းသည် ကျန်းမာရေးအတွက် ဆိုးရွားစေကြောင်း သိရသည်

။ “ ငါဒီလိုလူစားမျိုးမဟုတ်ဘူး ” ဟု တွေးလိုက်မိသောအခါ ၊ အဆိုပါ အမျိုးသမီးက အနားလာကပ် ထိုင်သောအခါ..

သို့ မဟုတ် အဆိုပါအမျိုးသမီး၏ စိတ်ဝင်စားမှုကို ရရှိအောင်ကြိုးစာသောအခါ အကြင် ပုရိသ၏ အခြေနေသည်အဆိုးရွား

ဆုံးသို့ ရောက်ရှိသွားသည်ဟု သိပ္ပံပညာရှင်တို့ က အခိုင်အမာပြောကြားခဲ့သည်။

အဆိုပါ အမျိုးသားတို့ ၏ စိုးရိမ်သောက ဖြစ်မှုနှုန်းသည် လေယာဉ်ပျံတစ်စင်းပေါ်မှ ခုန်ချရသည့်အခါ ဖြစ်ပေါ်လာသော

နှုန်းနှင့်ညီမျှသည်ဟု ဆိုသည်။ အဆိုပါ အမျိုးသားတို့ ၏ ကော်တီဆောဟော်မုန်း ပါဝင်မှုနှုန်းသည် လေယာဉ်ပျံပေါ်မှ

ခုန်ချရသည်ထက်ပင် ပို၍မြင့်မားနိုင်သည်ဟု ပညာရှင်တို့ ကဆို၏ ။

ယင်းသို့  ကော်တီဆောဟော်မုန်း မြင့်တက်မှုက နှလုံးရောဂါဖြစ်နိုင်ခြေနှင့် နှလုံးရောဂါကြောင့် အမောဖောက်လာနိုင်ခြေ

ကိုလွန်စွာမြင့်တက်စေသည်ဟု ဆိုသည် ။

စပိန်နိုင်ငံ ဗလင်စီယာ တက္ကသိုလ်မှ ပညာရှင်များသည် ၄င်းတို့ ၏ သုတေသနတွင် အမျိုးသား ၈၄ ဦးကိုပါဝင်စေလျက်

တစ်ဦးတည်းရှိနေစဉ်နှင့် လှပသော အမျိုးသမီးများနှင့်တွေ့ ဆုံပြီးနောက် ကော်တီဆော ဟောမုန်း ပါဝင်မှုနှုန်းကို

တိုင်းတာကာ တွက်ချက်၍ သုတေသန ပြုခဲ့ကြကြောင်း သိရပါသည်..။

No comments:

Post a Comment