Pages

Monday, August 8, 2011

ချစ်သူလေးအပေါ် romantic ဖြစ်ဖို့ 

၁။ နေ၀င်တာ အတူတူကြည့်ပါ

၂။ ချစ်သူနားကိုကပ်ပြီး တိုးတိုးလေး ပြောပါ

၃။ ချစ်သူအတွက် ကိုယ်တိုင် ချက်ကြည့်ပါ (အတူတူ ချက်ကြရင် ပိုတောင်ကောင်းသေး )

၎။ မိုးရေထဲမှာ အတူတူလျှောက်သွားပါ

၅။ လက်ကိုင်ထားပေးပါ

၆။ လက်ဆောင်လေးတွေပေးပါ

၇။ နှင်းဆီပန်းကလဲ romantic ဖြစ်စေပါတယ်

၈။ သူတို့ ကြိုက်တဲ့ ရေမွှေးကို မှတ်ထားပြီး သူတို့ နဲ့ တွေ့ တိုင်း သုံးပေးပါ

၉။ ကမ်းခြေမှာ အကြာကြီး လမ်းလျှောက်ပါ

၁၀။ ကဗျာလေးတွေ ပို့ ပေးပါ

၁၁။ ထွေးပိုက်ထားခြင်းကတော့ အကောင်းဆုံးဆေးတစ်လက်ပါ

၁၂။ တကယ်စိတ်ပါတဲ့အချိန်မှ ချစ်တယ်လို့ ပြောပြီး စိတ်ပါကြောင်းကိုလဲ သူသိပါစေ

၁၃။ သကြားလုံးတို့  ကဗျာတို့  ပန်းတို့ ကို အလှည့်ကျဖြစ်ပါစေ

၁၄။ သူသာလျှင်ကိုယ့်အတွက် တစ်ဦးတည်းသော လို့ ပြောပါ.....မညာပါနဲ့ 

၁၅။ ဖြစ်နိုင်ရင် စက္ကန့် တိုင်း အတူတူရှိပါစေ

၁၆။ သူရဲ့ မျက်ဝန်းထဲကို ကြည့် ပါ

၁၇။ သူ့ ရဲ့  ပါးလေးကို ဖြည်းဖြည်းလေးကိုင်ပြီး သူ့  မျက်ဝန်းကိုကြည့်ပြီး ချစ်တယ်လို့ ပြောပါ..ပြီးရင် ညင်သာစွာ နမ်းပါ

၁၈။ လူတွေကြားထဲ ရောက်နေရင် အချင်းချင်းပဲ ဂရုစိုက်ပါ

၁၉။ သူသတိမထားမိတုန်း သူ့ အိတ်ထဲသို့  ချစ်စာလေးများ ထည့် ပေးလိုက်ပါ

၂၀။ လက်စွပ်ဝယ်ပေးပါ

၂၁။ သီချင်းဆိုပြပါ

၂၂။ အမြဲ ပခုံးဖြစ်ဖြစ် ဖက်ထားပါ

၂၃။ dinner အတူတူစားပေးပါ

၂၄။ သူမရဲ့ လက်ကိုယူပြီးနမ်းပါ ပြီးတော့ ကိုယ့်ရင်ဘတ်ပေါ်တင်ထားပါ

၂၅။ အတူတူကပါ

၂၆။ သူ့ ကို ပေါင်ပေါ်မှာ အိပ်စက်ပါစေ

၂၇။ စာကိုပြောင်းပြန်ရေးပြီး သူ့ ကို မှန်ကြည့် ပြီးဖတ်ခိုင်းပါ

၂၈။ သူ့ ကို အကြောင်းမရှိ အကြောင်းရှာပြီး ဖုန်းဆက်ပါ

၂၉။ အရမ်းအလုပ်ရှုပ်နေရင်တောင် သူ့ ကို ချစ်တယ်လို့ ပြောမိပါစေ

၃၀။ ခရီးထွက်နေရင်လဲ သတိရကြောင်း ပြောပေးပါ

၃၁။ ကိုယ့်အိပ်မက်တွေကိုမှတ်ထားပြီး ပြန်ပြောပေးပါ

၃၂။ သင့်ရဲ့  အနက်ရှိုင်းဆုံး လျှို့ ဝှက်ချက် သင် အကြောက်ဆုံးအရာများကို သူသိပါစေ

၃၃။ သူ့ ရဲ့ မိသားစုကို လေးစားပါ

၃၄။ သူမရဲ့ ဆံပင်ကို ပွတ်သပ်ပေးပါ

၃၅။ သူ့ သူငယ်ချင်းတွေနဲ့  အတူလည်ပတ်ပေးပါ

၃၆။ ဘုရားအတူသွားပါ

၃၇။ အချစ်ကားတစ်ခုအတူကြည့် ပြီး သူကြိုက်သော အခန်းများကိုမှတ်ထားပါ

၃၈။ တူညီသောအမှားကို နှစ်ခါမလုပ်မိစေပါနဲ့ 

၃၉။ သူနဲ့ အတူ ပျော်ရွှင်မှုကို ဝေမျှပါ

၄၀။ သူ့ အတွက် အနစ်နာခံပါ

၄၁။ နေ့ တိုင်းမှာ သူ့ ကိုသတိရတယ်ဆိုတာ သူသိအောင်ပြောပါ

၄၂။ အခြားဘာသာများနှင့်လဲ ရင်ခုန်အောင် လုပ်တတ်ပါစေ

၄၃။ သူ့ အတွက် FM မှာပဲ ဖြစ်ဖြစ် သီချင်းတောင်းပေးပါ

၄၄။ ဖုန်းပြောရင်နဲ့  အိပ်ရာဝင်ပါ

၄၅။ တစ်ယောက်ယောက်က စွပ်စွဲရင်လည်း အမြဲချစ်သူဘက်သာ ရပ်တည်ပါ

၄၆။ good night kiss ပေးပါ

၄၇။ အိပ်မက်မက်လှလှမက်ပါစေ လို့ လဲ ပြောဖို့ မမေ့ပါနဲ့ 

No comments:

Post a Comment