Pages

Saturday, August 6, 2011

ကောင်လေးပြောသော အချစ်ရဲ့ခံစားချက်

ကောင်လေးပြောသော အချစ်ရဲ့ခံစားချက်



မိန်းကလေး
မာယာတွေများတဲ့ လောကကြီးမှာ
ရင်ထဲက အချစ်တွေကို ဖော်ပြနှိုင်ဖို့
စကားတစ်ခွန်းတောင် မပြောပြနိုင်ခဲ့တာ
ငါ့ နှလုံးသားဟာ နုနယ်လွန်းလို့ပါ။
ကျောခိုင်းထားစရာ မလိုပါဘူးကွာ။
မျက်လုံးချင်းတောင် မဆုံချင်တော့ဘူးဆို.....
ငါ...မင်းရဲ့အဝေးတစ်နေရာမှာနေပေးပါ့မယ်။
မင်းနဲ့ ဝေးနေလို့ ဆိုပြီး................................
ကောင်းကင်ကြီးကတောင် မိုးတွေရွာမသွန်းမပေးတော့ဘူး.....................
ကြယ်တွေက မှိတ်တုပ် မှိတ်တုပ်.........................
မိုးသံတိတ်.............................အခန်းထဲမှာ ပကတိအမှောင်
ဆောင်းဒဏ်နဲ့  အိပ်နေရပေမယ့်
ငါမရှိတဲ့ မင်းရဲ့ဘ၀မှာတော့...............
ကြယ်တွေကလင်းလက်..................
မိုးအေးတွေအတားအဆီးမရှိရွာသွန်းလို့.............
အချစ်လေပြည် လေညင်းလေး နွေးနွေးလေးရှိမယ်ဆိုရင်..
မင်းဆီက နောက်ဆုံးအခွင့်အရေး
မင်းဓာတ်ပုံတွေ ခိုးခိုးနမ်းရင်း..........
ငါလေ.......ဘ၀တစ်သက်လုံး.......
အမှောင်တိနေပေးပါမယ်။ ။





ကောင်မလေးပြောသော အချစ်ရဲ့ခံစားချက်



ကျန်မချစ်ခဲ့တာ နှလုံးသား စစ်စစ်နဲ့ ပါ..
ဒါပေမဲ့ ကျန်မရဲ့ နှလုံးသား နဲ့ မတန်ခဲ့ တာလား မောင်

သူများတွေလိုလဲ အတုအရောင်တွေ မပေးတက်တော့
ခံစားရတာ ဒုနဲ့ ဒေးပေါ့

တကယ်ဆို မောင်က နှလုံးသား ကော်ပီနဲ့ ပဲ
ထိုက်တန်တာလားမောင်.......

မစဉ်းစားချင်တော့ဘူး
ဘာမှာမသိချင်တော့ဘူး

သေချာတာက မောင် ကျန်မ အချစ်နဲ့ မထိုက်တန်ဘူး.........
လူဆိုတာ တန်ရာ တန်ရာ ဆိုတာ နားလည်လိုက်ပြီး........

သူများတွေလို လွမ်းလောက်အောင်လည်း ကျွန်မ စာမဖွဲ့ တက်ဘူး
ကြွေးလောက်မဲ့ စကားမျိုးလည်း မပြောတက်တော့...

နောက်ဆုံးတော် ကျွန်မအတ္တကြီးတာပေါ့
ထားလိုက်ပါတော့ ရှိပါစေတော့

ကျွန်မထိုက်နဲ့ ကျွန်မကံ...
ကံမပါခဲ့ ဘူးလို့ ပဲ မှတ်လိုက်တော့မယ်.......

လွမ်းရတာမတန်တော့ဘူး.......
ငါမျက်ရည်သာ စကားပြောတက်ရင်

နင့်သေသွားနိုင်တယ် ......





ချစ်သူတိုင်း ပျော်ရွှင်သောနေ့ ရက်တွေကို အတူတကွ ဖြတ်ကျော်နိုင်ပါစေ....

No comments:

Post a Comment