> အောက်က မြန်မာနိုင်ငံမှာ ရှိတဲ့မြို့လေးတွေကို သိရင် ဖြေပေးကြပါ
>> (၁) မြစ်အဖေကြီးနဲ့မြစ်အမေကြီးက မွေးတဲ့မြို့
>> (၂)စွပ်ပြုတ်လုပ်သောက်ချင်စရာကောင်းတဲ့မြို့
>> (၃)ကလီစာတွေအူတွေအခွေလိုက်ရှိတဲ့မြို့
>> (၄)လူကြီးမဖြစ်သေးတဲ့မြို့
>> (၅)ဒီနေ့ည ငါစောင့်ရတဲ့အလှည့်မဟုတ်ဘူး ဆိုတဲ့မြို့
>> (၆)သကြားချက်ရင်အဆင်ပြေနိုင်တဲ့မြို့
>> (၇)ဆင်တွေကတဲ့မြို့
>> (၈)၀ိုးတိုးဝါးတားပဲရှိတဲ့မြို့
>> (၉)စိုစိုပြည်ပြည်မရှိတဲ့မြို့
>> (၁၀)ကျန်စစ်သားမိန်းမနာမည်နဲ့မြို့
>> (၁၁)ဖားကောက်ခိုင်းတဲ့မြို့
>> (၁၂)လေဘေးထည်မြို့
>> (၁၃)မိန်းမမှာ ညီမတွေရှိရင် သတိထားပေရော့ဆိုတဲ့မြို့
>> (၁၄)ကိုယ်တော်ခံတဲ့ဆွမ်းအရနည်းတာဒါကြောင့်ကိုး...ဆိုတဲ့မြို့
>> (၁၅)အဲ့ဒီမြို့နာမည်ကပြောင်းပြန်လှန်လိုက်ရင်
>> တော်တော်ရုပ်ဆိုးတဲ့ငှက်ကြီးဖြစ်သွားရော...
>> (၁၆) ရုံးသွားကျောင်းသွားသတိထား ဒါတွေယူကွယ့်မမေ့နဲ့တဲ့... အဲ့ဒီမြို့
>> (၁၇)အဲ့ဒီမြို့က
၁.မြစ်သားမြို့
၂.၀က်လက်မြို့
၃.၀မ်းတွင်းမြို့
၎.ကလေးမြို့
၅.မင်းကင်းမြို့
၆.ကြံခင်းမြို့
၇.ကျောက်ဆည်မြို့
၈.မှုန်ဝါးမြို.
၉.ချောက်မြို့
၁၀.ခင်ဦးမြို့
၁၁.မိတ္ထီလာမြို့
၁၂- မသိမြို.
၁၃.၀ါးခယ်မမြို့
၁၄-ကပ်စေးနဲမြို.
၁၅.ဒလမြို့
၁၆.ထီးချိုင့်မြို့
၁၇.မိုးကောင်းမြို့
No comments:
Post a Comment