Pages

Monday, August 8, 2011

တော်ဝင်မယ့် အချစ်

ကိုယ့်မှာငွေ မရှိရင်တောင်
မင်းမရှိ လို့မဖြစ်ဘူး
မင်းကိုချစ်တဲ့ အချစ်တွေက
သမုဒ္ဒရာထဲက ရေတွေလိုပဲ
ဘယ်တော့မှ ခမ်းခြောက်သွားမှာ
မဟုတ်ဘူး ကိုယ့်အချစ်က
ရိုမီရိုထက် မသာရင်တောင်
သူ့ထက်တော့မလျော့ နိုင်ပါဘူး
မင်းဟာကိုယ့်ရဲ့ အနာဂတ်ဖြစ်လို့
မင်းမရှိရင် ကိုယ့်ဘ၀မှာအနာဂတ်
မရှိတာနဲ့ တူတူပါပဲ
မင်းမျက်နှာလေးကို မြင်နေရတဲ့
အချိန်လေးဟာ ကိုယ့်အတွက်တော့
အပျော်ဆုံး အချိန်လေးတစ်ခုပါပဲ
ပိုတယ်ပဲပြောပြော ရူးတယ်ပဲပြောပြော
ကိုယ်ကတော့ မင်းကို
အရမ်းချစ်တယ်...........။

No comments:

Post a Comment