ညနေစာအတူစားရင်း ကောင်မလေးက ကောင်လေးထံမှ သူ့ကိုချစ်ပါတယ်ဆိုတဲ့
အသံလေးကိုနားထောင်ချင်နေမိတယ်။ ဘယ်လိုပဲ ချစ်ပါတယ်လို့ စိတ်ထဲက သိနေပါစေ။
ထပ်ကာထပ်ကာ ကြားနေချင်တယ်။ မင်းကိုသိပ်ချစ်တာပဲ ဆိုတဲ့ စကားတစ်ခွန်းနဲ့
ကမ္ဘာကြီးတခုလုံးကို မေ့ထားပြီး ဒီအချစ်တခုတည်းနဲ့ လွမ်းခြုံနေချင်မိတယ်။
ဒီလိုနဲ့ ကောင်မလေးက ကောင်လေးကိုမေးလိုက်တယ်။ “ငါ့ကိုချစ်တယ်မလား” တဲ့။
ကောင်လေး က ကောင်မလေးကို စားနေရင်း တချက်မော့ကြည့်လိုက်တယ်။
ကောင်လေးတိတ်ဆိတ်နေခဲ့တယ်။
တိတ်ဆိတ်ခြင်းသည် ၀န်ခံခြင်းလို့ဆိုပေမဲ့......... ဒီနေရာမှာတော့
ကောင်မလေး ကြားချင်နေတယ်။ ကောင်မလေးက သူကြားချင်တာ မကြားရလို့
စိတ်ဆိုးလာတယ်။
ကောင်လေးကို ထပ်ပြောလိုက်တယ်။ “အပြောတွေမလိုပဲ သက်သေပြမလို့လား”။
ကောင်လေးကိုအားမလိုအားမရဖြစ်ရင်း ငွေရှင်းချိန်ရောက်တော့
သူတို့နှစ်ယောက်စားတာ ကျသင့်ငွေ ၄၀၀၀ ဖြစ်နေတယ်။ ကောင်လေးက ငွေ ၃၀၀၀
သာထုတ်ပြီး ကျန် ၁၀၀၀ ကို ကောင်မလေးဆီလှမ်းတောင်းလိုက်တယ်။
ကောင်မလေးဆီတောင်ရင်း ကောင်လေးပြောလိုက်တာကတော့
“ဒါငါ့ရဲ့အချစ်ပါ။ ငါ့ဘက်ကနေ ၄၀၀၀ ဆိုလဲ ထုတ်ပါ့မယ်။ ဒါပေမဲ့
ချစ်ခြင်းဆိုတာ အသွားတစ်ခုတည်းရှိလို့မရဘူး။ ငါ ၃ခါလောက်
နင့်ကိုချစ်တယ်ပြောရင်တောင် ၁ခါလောက် နင်ငါ့ကိုပြန်ပြောဖို့
ငါမျှော်လင့်နေတာကို သိစေချင်တယ်။ ငါလဲ နင့်အချစ်ကို လိုအပ်တယ်။”
ကောင်လေးပြလိုက်တဲ့ အချစ်ရဲ့ သက်သေဟာ ငွေကြေးကိုဆိုလိုတာမဟုတ်ပါဘူး။
တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် ချစ်ခြင်းမေတ္တာမျှတာကို ပြောချင်တာပါ။
ကောင်မလေး ကြားချင်သလို ကောင်လေးလဲ ကြားချင်မှာပါ။ ငါ့ကိုချစ်လားလို့
မေးတာထက် ငါနင့်ကိုချစ်တယ်လို့ပြောရင် တစ်ဖက်ကလဲ ငါလဲနင့်ကိုချစ်တယ် လို့
ပြန်ပြောလာမှာ မလွဲပါ။ တန်ပြန်သက်ရောက်မှုနိယာမသဘောလေးပေါ့။
ချစ်ခြင်းမေတ္တာများထပ်တူကျနိုင်ပါစေ။
No comments:
Post a Comment