Pages

Thursday, August 11, 2011

သူ့ကိုယ်ချစ်တယ်

သူများတွေ အချစ်လို့ပြောနေကြချိန်မှာ

အချစ်ဆိုတာဘာလည်း ငါမသိလိုက်ခဲ့ဘူး

ရင်ခုန်တယ်ဆိုတာအလကားပါလို့ တွေးထင်ထားတဲ့ငါ

သူနဲ့တွေ့ရှိခဲ့မှ ငါရင်ခုန်သံတွေကို ငါပြန်ကြားနေခဲ့မိတယ်

အချစ်ကို မျက်ကွယ်ပြုမိတဲ့ငါ

သူ့စကားသံအောက်မှာ မူးယစ်သွားစေခဲ့တယ်

သူ့အပြုံးချိုချိုလေးကို ပျောက်ကွယ်သွားမှာကို

ငါကြောက်မိခဲ့တယ်လေ

နွေးထွေးတဲ့ သူ့လက်ကလေးကို

မလွှတ်တမ်း ငါဖမ်းဆုပ်နေမိခဲ့တယ်

နေ့တိုင်းနေ့တိုင်းတွေ့ချင်မိတယ် သူ့ကိုလေ

လွမ်းတာထက်ပိုလွမ်းတယ်

သတိရမိတာထက်ကိုပိုပိုပြီးသတိရမိတယ်

သူ့ကိုယ် အရမ်းချစ်နေမိတယ်

အချစ်က တကယ်တန်ခိုးကြီးတာပဲနော့

လူတစ်ယောက်ကို လုံးဝပြောင်းလဲသွားစေခဲ့တယ်

ဒါအချစ်ရဲ့ ကြီးမားသောအစွမ်းတစ်ခုပေါ့...........................။

No comments:

Post a Comment