Pages

Monday, August 8, 2011

ကောင်မလေး သို့ .........

အမြဲတမ်းတ
သတိရနေတာကို
အချစ်လို့ ခေါ်မလား.........။

အထီးကျန်နေတဲ့ 
ငါ့ အတွက်
ညတွေတိုင်းဟာ
မှောင်မိုက်လွန်းပါတယ်....။

ကောင်မလေးရယ်.....
ငါကိုယ်တိုင်
ဖွင့် ဟမပြနိုင်တဲ့ 
ငါ့ ရင်ထဲကအချစ်တွေကို
ဥပက္ခာမပြုလိုက်ပါနဲ့ .......။

“ချစ်တယ်”လို့ 
ငါပြောချင်ပေမယ့် 
ပြောမထွက်ဘူး........။

မပြောရဲတာထက်
မပြောရက်လို့ ဆိုတာ
မင်းသိမှာပါ........။

နားလည်ပေးပါ ကောင်မလေးရယ်

အချိန်တိုင်း ငါ့ ရင်ထဲမှာနင်ရှိပါတယ်
အချိန်တိုင်း နင့် ကိုသတိရနေပါတယ်
ပြီးတော့ 
အချိန်တိုင်း နင့် ကိုငါတမ်း...တ...နေပါတယ်ဟာ........။


ကောင်မလေးရယ်..........................................................................။ ။

No comments:

Post a Comment